Federal Democratic EducationAutonomous SchoolRight to Education

About Phoenix Springs High School

An autonomous public education initiative rooted in federal democratic principles, collective governance, and inclusive learning.

Foundation

Institutional Background

Phoenix Springs High School (PSHS) is established to realize an autonomous school-level educational system that aligns strictly with federal democratic education standards.

Under the foundational principle of the "Right to Education", education activists, teachers, and scholars united to ensure that school-age children face no disruptions in their academic journey. We are dedicated to implementing Inclusive Education, Public Education, and Peace Education across all organizational dimensions.

Core Values

The 5 Guiding Principles

Our daily teaching, administrative decisions, and institutional strategy are guided by five non-negotiable principles:

01

Federal Democratic Education

Advancing decentralization, self-determination, and autonomous institutional governance.

02

Inclusive Learning

Ensuring zero discrimination and equal learning access under the Right to Education mandate.

03

Public-Centered Mission

Dedicated to the community through accessible, non-commercialized, student-first schooling.

04

Competency-Based Quality

Delivering continuous, high-caliber secondary curricula focused on real-world skills.

05

Diversity & Mutual Respect

Nurturing an empathetic space where differences are celebrated and peace is practiced.

Administration

School Governance Council Policy

Key Policy Pillars

  • Decentralized decision-making structure
  • Multi-stakeholder School Formation Committee
  • Inclusive accountability and transparency
  • Safeguarding the Right to Education
Language:

နိဒါန်း

Phoenix Springs High School သည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစံနှုန်းများနှင့်အညီ ကျောင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

“Right to Education” အရ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် ပညာရေးတက်ကြွလှုပ်ရှားသူများဖြင့် စုပေါင်းတည်ထောင်ထားသော ကျောင်းဖြစ်သည်နှင့်အညီ လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education)၊ ပြည်သူ့ပညာရေး (Public Education)၊ ငြိမ်းချမ်းသောပညာရေး (Peace Education) ကို ဦးတည်လျက် ပညာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထိုသို့ ကြိုးပမ်းရာတွင် ကျောင်းလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ ဆုံးဖြတ်ခွင့် အခွင့်အာဏာများ ခွဲဝေသတ်မှတ်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်နိုင်ခြင်းတို့ ပြုလုပ်နိုင်ရန် ကျောင်းအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒကို သတ်မှတ်ပြဋ္ဌာန်းခြင်းမှာ အရေးကြီးလှပါသည်။ ထို့ကြောင့် ဤမူဝါဒကို ရေးဆွဲနိုင်ရန် ပညာရေးတက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်များ ပါဝင်သော “ကျောင်းဖြစ်မြောက်ရေးကော်မတီ” ကို ဖွဲ့စည်းကာ ကဏ္ဍအလိုက် အကြံပြုချက်များနှင့်အတူ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းရခြင်း ဖြစ်ပါသည်။


ကျောင်းအုပ်ချုပ်ရေးကောင်စီ မူဝါဒ အကျဉ်းဖော်ပြချက်

၁။ ကျောင်းအုပ်ချုပ်ရေးကောင်စီ
ကျောင်းအုပ်ချုပ်ရေးကောင်စီသည် ကျောင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးအရည်အသွေး ရေရှည်တည်တံ့မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ဘက်စုံကြီးကြပ်ရန် ဖွဲ့စည်းထားသောကျောင်း၏ဦးဆောင်အဖွဲ့ ဖြစ်သည်။ ဤကောင်စီကို ပညာရေးဗျူဟာမြောက် ကျွမ်းကျင်သူများ၊ အိုင်တီနည်းပညာ အကြံပေးများနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး၊ ကျောင်း၏ သင်ရိုးညွှန်းတမ်း မွမ်းမံမှု၊ ပညာရေးအရည်အသွေးထိန်းညှိမှုနှင့် အဓိကကျသော မူဝါဒအပြောင်းအလဲ အားလုံးကို ကောင်စီ၏ အများသဘောတူ ဆုံးဖြတ်ချက်ဖြင့်သာ အတည်ပြု ဆောင်ရွက်သည်။ ထို့ပြင် ကျောင်းတော်ကြီးစဉ်ဆက်မပြက်ရေရှည်တည်တံ့နိုင်စေရန်နှင့် တိုးတက်ကောင်းမွန်စေရန်အတွက် မိဘများ၊ ဆရာ/မများနှင့် ကျောင်းသားများထံမှ ရရှိလာသော တုံ့ပြန်ချက်များကိုလည်း ပွင့်လင်းမြင်သာစွာ သုံးသပ်ပြီး၊ ခေတ်စနစ်နှင့်အညီ မူဝါဒများကို စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံသွားမည် ဖြစ်သည်။

၂။ ကျောင်းပညာရေးအရည်အသွေး မူဝါဒ (Academic Quality Policy)
ကျွန်ုပ်တို့ကျောင်းသည် အွန်လိုင်းအခြေပြု သင်ကြားရေးစနစ် ဖြစ်သော်လည်း မြေပြင်စာသင်ကျောင်းများထက် ပိုမိုထူးချွန်သော ပညာရေးစံနှုန်းကို ရရှိစေရန် ရည်ရွယ်သည်။ ကျောင်း၏သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာစံနှုန်းများနှင့် အမျိုးသားပညာရေး မူဘောင်အပေါ် အခြေခံကာ အွန်လိုင်းမှ ထိရောက်စွာ လေ့လာနိုင်မည့် ဒီဂျစ်တယ်ဗိသုကာပုံစံဖြင့် စနစ်တကျ ရေးဆွဲထားသည်။ သင်ကြားမှုအပိုင်းတွင် မိမိဘာသာရပ်အလိုက် တတ်မြောက်ရန်သာမက အွန်လိုင်းသင်ကြားရေးနည်းပညာ (Digital Pedagogy) ကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန် ကျွမ်းကျင်၍ အတွေ့အကြုံရှိသော ဆရာ/မများကိုသာ ခန့်အပ်ကာ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ကျောင်းသားများ၏ အရည်အသွေးကို စစ်ဆေးရာတွင်လည်း အလွတ်ကျက်စနစ်ကို ရှောင်ရှားပြီး၊ လစဉ် အိမ်စာ (Assignments)၊ လက်တွေ့အသုံးချ ပရောဂျက် (Projects) များနှင့် စနစ်တကျပြုစုထားသော မေးခွန်းလွှာများဖြင့် အွန်လိုင်းစာမေးပွဲစနစ်များကျင့်သုံးကာ ဘက်စုံအကဲဖြတ် အမှတ်ပေးသည်။

၃။ ကျောင်းစည်းကမ်းများ (School Rules & Regulations)
စနစ်တကျရှိပြီး အပြန်အလှန် လေးစားမှုရှိသော အွန်လိုင်းစာသင်ခန်း ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန် ကျောင်းသားတိုင်း ကျောင်းစည်းကမ်းများကို မပျက်မကွက် လိုက်နာရမည်။ ကျောင်းသားများသည် သတ်မှတ်ထားသော Live စာသင်ချိန်များသို့ အချိန်မှန်တက်ရောက်ရန် တာဝန်ရှိပြီး၊ ပျက်ကွက်ရန်ရှိပါက မိဘကိုယ်တိုင် ကြိုတင်ခွင့်တိုင်ကြားရမည် ဖြစ်သည်။ အွန်လိုင်းစာသင်ခန်းအတွင်း ရောက်ရှိနေစဉ် လိုအပ်ပါက ကင်မရာကို ဖွင့်လှစ်ထားရမည့်အပြင်၊ ကျောင်းသူ၊ ကျောင်းသားနှင့်သင့်လျော်ယဉ်ကျေးသော အဝတ်အစားကို ဝတ်ဆင်ထားရမည်။ စာသင်ချိန်အတွင်း Chat box ကို သင်ခန်းစာနှင့် သက်ဆိုင်သော ဆွေးနွေးမှုများအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ နှောင့်ယှက်ခြင်း သို့မဟုတ် စည်းကမ်းချိုးဖောက်ခြင်းများ ရှိလာပါက သတိပေးခြင်းမှသည် မိဘနှင့်တွေ့ဆုံခြင်းနှင့် ကျောင်းထုတ်ခြင်းအထိ စည်းကမ်းအတိုင်း အဆင့်ဆင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

၄။ ဘေးကင်းလုံခြုံရေး မူဝါဒ (Child Safeguarding & Safety Policy)
ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုသည် ကျွန်ုပ်တို့ကျောင်း၏ အဓိကဦးစားပေး လုပ်ငန်းဖြစ်သည်။ ကျောင်း၏ အွန်လိုင်းပတ်ဝန်းကျင်၊ Chat စနစ်နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျောင်းသားအချင်းချင်း ဆိုက်ဘာအနိုင်ကျင့်ခြင်း (Cyberbullying)၊ လှောင်ပြောင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို လုံးဝ (လုံးဝ) ခွင့်မပြုဘဲ ထိရောက်စွာ တားမြစ်ပိတ်ပင်သည်။ ကျောင်းသားများနှင့် မိဘများ၏ ကိုယ်ရေးအချက်အလက်များ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် ကျောင်းတွင်းမှတ်တမ်းများကိုလည်း ပြင်ပသို့ ပေါက်ကြားမှုမရှိစေရန် အဆင့်မြင့် Cyber Security စနစ်များဖြင့် လုံခြုံစွာ ထိန်းသိမ်းထားသည်။ ထို့ပြင် ကျောင်းသားများအနေဖြင့် တစ်စုံတစ်ရာ စိတ်မသက်မသာဖြစ်မှု သို့မဟုတ် ထိပါးနှောင့်ယှက်မှု ကြုံတွေ့ရပါက ကျောင်းရှိသက်ဆိုင်ရာ အတန်းခေါင်းဆောင်များ (သို့) စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံသို့ ယုံကြည်စိတ်ချစွာ တိုက်ရိုက် ဆက်သွယ်တိုင်ကြားနိုင်သည်။

၅။ နည်းပညာဆိုင်ရာ မူဝါဒ (Information Technology / Acceptable Use Policy)
အွန်လိုင်းကျောင်းသားတစ်ဦးအနေဖြင့် ကျောင်းက ထောက်ပံ့ပေးထားသော နည်းပညာနှင့် သင်ကြားရေးစနစ်များကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အလွဲသုံးစားမပြုဘဲ စနစ်တကျ အသုံးပြုရန် လိုအပ်သည်။ ကျောင်းသားတိုင်းဖွဲ့စည်းပေးထားသော သင်ကြားရေး Group များကို သင်ကြားရေးနှင့် သက်ဆိုင်သောကိစ္စရပ်များအတွက်သာ သုံးစွဲရမည်ဖြစ်ပြီး Group အတွင်းပြင်ပလူများအား ထည့်သွင်းခြင်း၊ သင်ခန်းစာနှင့်မသက်ဆိုင်သော စာများ၊ ရုပ်ပုံများနှင့် အခြားသောအရာများကို ရေးသားခြင်း၊ ပေးပို့ခြင်း ဖော်ပြခြင်း လုံးဝမပြုရပါ။ ပညာရေးဆိုင်ရာ အိမ်စာများနှင့် စာမေးပွဲများ ဖြေဆိုရာတွင် အင်တာနက်မှ တိုက်ရိုက်ကူးချခြင်း (Plagiarism) သို့မဟုတ် AI Tools များကို မရိုးမသား အသုံးပြု၍ လိမ်လည်ခြင်းများကို တင်းကျပ်စွာ တားမြစ်သည်။ ထို့အပြင် အွန်လိုင်းသင်ကြားမှုတွင် အဆင်ပြေချောမွေ့စေရန်အတွက် ကျောင်းသားတိုင်းတွင် မိုဘိုလ်းဖုန်း၊ ကွန်ပျူတာ (သို့မဟုတ်) Tablet နှင့် တည်ငြိမ်သော အင်တာနက်လိုင်း (Internet Connection) ကို ကိုယ်ပိုင်အစီအစဉ်ဖြင့် အမြဲတမ်း အဆင်သင့် ပြင်ဆင်ထားရမည် ဖြစ်သည်။

အတည်ပြုသည့်နေ့ရက် - ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ (စုံညီအစည်းအဝေး)

Our Ongoing Commitment

We pledge to provide an open, transparent, and resilient learning environment where every youth can safely cultivate critical thinking, civic responsibility, and academic excellence.